ြု
သတင်းစာ
Home အနုပညာသတင်း မိန်းမလျှာဇာတ်ကောင် ရိုက်ကူးခြင်းများ လျှော့ချသင့်ပြီဟု ဦးဗေဒါ၏ ပြောဆိုချက်ကို ကန့်ကွက်ကြောင်း ရဲမေလေး ပြော
မိန်းမလျှာဇာတ်ကောင် ရိုက်ကူးခြင်းများ လျှော့ချသင့်ပြီဟု ဦးဗေဒါ၏ ပြောဆိုချက်ကို ကန့်ကွက်ကြောင်း ရဲမေလေး ပြော
by Zarni Htun July 27, 2017
မိန်းမလျာအဖြစ် သရုပ်ဆောင်ခြင်းသည် ဖျော်ဖြေမှု တစ်ခုသာ ဖြစ်သည့်အတွက် မိန်းမလျှာ ဇာတ်ကောင် ရိုက်ကူးခြင်းအား လျှော့ချရန် မလိုအပ်ကြောင်း သရုပ်ဆောင် ရဲမေလေးက ပြောသည်။
ယခုနောက်ပိုင်း ပရိတ်သတ် လက်ခံအားပေးနေသည့် မိန်းမလျှာ ဇာတ်ကောင်အား လူငယ်အချို့ အထင်၊ အမြင်မှားပြီး အတုယူ မမှားစေရန် လျှော့ချသင့်ကြောင်း ဟာသသရုပ်ဆောင် ဦးဗေဒါ၏ ပြောကြားချက်အပေါ် တုံ့ပြန် ပြောလိုက်ခြင်း ဖြစ်သည်။
“ ပရိသတ်တွေ အတုယူလွှဲမှားစေနိုင်တဲ့အတွက် ဒီလိုမိန်းမလျာကာရိုက်တာမျိုးကိုလျော့ချသင့်ပါတယ် ဆိုတာ ကတော့မဆိုင်ဘူးလို့ အကိုကတော့ ထင်တယ်။ အကိုတို့က ဒီကာရိုက်တာ လုပ်ပြတယ်ဆိုတာ ဖျော်ဖြေမှု သက်သက်ပါပဲ။ ပရိသတ်ကိုလည်းလွှဲမှားစေမယ့် အတွေအခေါ်မျိုးတွေ ကလေးတွေ အတုယူမှားလောက်မဲ့ အပြုအမှုမျိုးတွေကို ယခုအချိန်ထိ အကိုတို့အနေနဲ့ မရိုက်ဖြစ်တဲ့အတွက် အဲဒီစကားကိုတော့ လုံးဝ ဆန့်ကျင်ပါတယ်။ မိန်းမလျာဆိုတာကလည်း ဘ၀ပေးကုသိုလ်အရ လူတန်းစားတစ်ရပ် ဖြစ်ရသလို သူတို့ကိုလည်း ရှုံ့ချလို့မရပါဘူး။သူတို့ အပေါ်မှာပရိသတ်မုန်းသွားပါစေဆိုတဲ့ အမြင်နဲ့လည်း အကိုတို့က မရိုက်ခဲ့ဘူး။ များသောအားဖြင့် ပရိသတ်ပျော်အောင် ချစ်အောင် ရိုက်ခဲ့တာပဲရှိပါတယ်” ဟု သရုပ်ဆောင် ရဲမေလေးက ပြောသည်။
၎င်းအနေဖြင့် မြန်မာတစ်နိုင်ငံလုံးတွင်ရှိသော မိန်းမလျှာများအတွက် ကိုယ်စားပြုပြီး သရုပ်ဆောင်နေရသည်ကို ကျေနပ်ပြီး ပရိတ်သတ်အတွက် အကောင်းဆုံး သရုပ်ဆောင်သွားမည်ဟု ဖြည့်စွက်ပြောသည်။
“ဦးဗေဒါ မိန်းမလျာကာရိုက်တာကိုစရိုက်ဖြစ်တာ ဦးသားလေး ၈တန်း ၉တန်းလောက်ကတည်းကပါ။ အဲ့ဒီမှာ သားကဘာပြောလဲ ဆိုတော့ ဒီအခြောက်ကားတွေ ဘာလို့ရိုက်နေတာလဲ။ မရိုက်ပါနဲ့တော့လား။ ကျောင်းက သူ့သူငယ်ချင်းတွေက မင်းအဖေကအခြောက်ကြီးလားဆိုပြီး ပြောနေကြတယ်တဲ့၊ ဒါပေမဲ့ ဦးဗေဒါ ဂုဏ်ယူတယ်။ ကိုယ် စိတ်နှစ်ပြီးတော့ လုပ်လိုက်တဲ့ အနုပညာတစ်ခုကအပြင်မှာတကယ် ဖြစ်နေတယ်လို့ ထင်ရလောက် အောင် ပေါ်လွင်တာကိုး။ ဒါပေမဲ့ တစ်ဖက်က ပြန်ကြည့်လိုက်တော့လည်းဒီကာရိုက်တာကြီးတစ်ခုပေါ် မှာအပြင်ကလူငယ်တစ်ချို့ ကအမြင်မှားအထင်မှားနဲ့ အတုယူမိမယ်ဆိုရင်တော့ မကောင်းပါဘူး။ ဒါကြောင့် ဒီလိုဇာတ်လမ်းပုံစံမျိုးကိုတော့ လျော့တော့လျော့သင့်ပါတယ်” ဟု ဟာသလူရွှင်တော် ဦးဗေဒါက ဝေဖန်ထားသည်။
လက်ရှိ မြန်မာ့ရုပ်ရှင်လောကအတွင်း မိန်းမလျှာ ဇာတ်ကောင်သည် လူကြိုက်များသည့် ဟာသ ဇာတ်ကောင် တစ်ခု အဖြစ်ရပ်တည်နေပြီး ရုပ်ရှင်နှင့် ဗီဒီယို ဇာတ်လမ်းမျိုးစုံတွင် ပါဝင်လေ့ရှိသည်အထိ အောင်မြင်မှု ရရှိနေသည်။
သားကြီး (ဇီးကုန်း)
Tags :အနုပညာသတင်း
SHARE THIS
YOU MIGHT ALSO LIKE
FACEBOOK LIKE
MFONT
လူကြိုက်များသော ပိုစ့်များ
ကမာရွတ်တရားသူကြီး ဒေါ်စိုးစိုးမိုးက တော့ ဖမ်းဝရမ်းထုတ်ပြီး ဒီနေ့ပဲ ဖမ်းခိုင်းလိုက်တယ်၊ လာခဲ့ပါ အရှင်သုစိတ္တ ကျောင်းတိုက်ကပဲစောင့်နေပါတယ်
H1N1 influenza virus vaccine တုပ်ကွေး ကာကွယ်ဆေး
ကမာရွတ်မြို့နယ် ဆွမ်းလောင်းဓမ္မာရုံ အမူရှုံးပြီး ဖယ်ရှားပေးရန် (24.7.2017)တရားရုံးအမိန့်ထုတ်
ပရိတ်သတ်ကို ရှင်းပြလိုက်သည့် ၀ိုင်းစုခိုင်သိန်း
ယောက္ခမနိုင်နည်း
မော်လမြိုင် ကန်သုံးကန် မန္တလေးအကင်ဆိုင်(BBQ)အဆင်း ခွေးများအုပ်စုလိုက်လိုက်သဖြင့် ဆိုင်ကယ်မောင်း ပြေးရာမှမှောက်ပြီး ပြင်းထန်စွာဒဏ်ရာရ
ကမာရွတ်တရားသူကြီး ဒေါ်စိုးစိုးမိုးက တော့ ဖမ်းဝရမ်းထုတ်ပြီး ဒီနေ့ပဲ ဖမ်းခိုင်းလိုက်တယ်၊ လာခဲ့ပါ အရှင်သုစိတ္တ ကျောင်းတိုက်ကပဲစောင့်နေပါတယ်
H1N1 influenza virus vaccine တုပ်ကွေး ကာကွယ်ဆေး
ကမာရွတ်မြို့နယ် ဆွမ်းလောင်းဓမ္မာရုံ အမူရှုံးပြီး ဖယ်ရှားပေးရန် (24.7.2017)တရားရုံးအမိန့်ထုတ်
ပရိတ်သတ်ကို ရှင်းပြလိုက်သည့် ၀ိုင်းစုခိုင်သိန်း
ယောက္ခမနိုင်နည်း
မော်လမြိုင် ကန်သုံးကန် မန္တလေးအကင်ဆိုင်(BBQ)အဆင်း ခွေးများအုပ်စုလိုက်လိုက်သဖြင့် ဆိုင်ကယ်မောင်း ပြေးရာမှမှောက်ပြီး ပြင်းထန်စွာဒဏ်ရာရ
ADS
FOLLOW BY EMAIL
Copyright © 2017 သတင်းစာ
[X] Choose Font Here Zawgyi-OneUnicode
No comments: